မြန်မာလူငယ်တစ်ဦးဖန်တီးသော တကယ်အသုံးဝင်သည့် အဘိဓာန်ဆော့ဝဲ

မြန်မာ ကွန်ပျူတာ User များအတွက် မြန်မာ-အင်္ဂလိပ် ၊ အင်္ဂလိပ် - မြန်မာ အဘိဓာန်ဆော့ဝ်ကောင်းလေးတစ်ခု ထွက်လာပါပြီ။ ဖန်တီးသူကတော့ ကိုစိုးမင်း။ ဂျပန်နိုင်ငံရောက် မြန်မာ လူငယ်တစ်ဦး။ ခေါင်းစားဖော် ခေါင်းစားဖက် နောက်တစ်ယောက်က ကိုမင်းကျော်။ သူက ဆွီဒင်မှာ။
ကိုစိုးမင်း၏ ကိုယ်ပိုင်နေရာလေးတစ်ခုမှာ http://www.soemin.net/ သွားရောက်လေ့လာကြည့်လျှင် သူ့စရိုက်နှင့် သူစေတနာကို တွေ့မြင်ရလိမ့်မည်။ ဖတ်စရာများစွာ၊ ဗဟုသုတယူစရာများစွာ။ သူအားထုတ်မှုတွေလည်း အားကျစရာ ......
ဒီမှာ http://code.google.com/p/wxpydict/ သွားဖတ်ကြည့်လို့ရသည်။ တကယ်ချီးကျုးထိုက်သည့် သူဖြစ်ပါသည်။ အများကောင်းကျိုးအတွက် ပေးဆပ်မှုတစ်ခုကို သူပြုခဲ့ပြီ။
ကိုစေတန်ဂေါ့ နှင့် ကျွန်တော်ကတော့ မိမိတို့စုထားသော ဒေတာများကို စေတနာဗရပွဖြင့် ထောက်ပံ့လိုက်ကြသည်။ အလွန်သုံး၍ကောင်းသော အဘိဓာန်ဖြစ်သည်။
အင်စတောလုပ်ပြီးတော့ ကျွန်တော် တစ်ခုရှာကြည့်သည်။ "စိုင်း" ဆိုတာ .... အောက်က ပုံအတိုင်းပေါ်လာသည်။ ကဲ ဘယ်လောက် .... လွယ်လဲ ........







တအားရှာရခက်နေရင် ဒီမှာ ....
Get it from CNET Download.com!

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

5 Comments:

Nay Zar said...

very good post. thanks you so much..

ကိုရင်နော်ခင်လေးငယ် said...

အရမ်းကောင်းတယ် ကိုစိုင်းရေ..
ကိုစိုးမင်းကိုလည်း သွားနှုတ်ဆက်လိုက်တယ်..

ခင်မင်လေးစားစွာဖြင့်..

ကိုရင်နော်

thuzar@ said...

very nice ...you are pass .... honey ade har ko Download lote tar ya ma lo nae ya bu phit nay tae...honey ti ti chin ko sate win sar me tae..
honey atwat top need phit par tae.. plz can u help me ?

WY said...

Thank you for creating this. Its very useful and you guys are genius. I have installed it on my desktop which is running vista and its all good and I love it. But interestingly I couldn't install it on my laptop which is running vista as well. (the error was: Error opening file for writing:)
Pls help me with some technology advice by dropping me an email to this tarzanmalay@hotmail.com.
Thank you.

Anonymous said...

အရမ်း ကောင်းပါတယ် အရမ်းလည်း အသုံးဝင်ပါတယ်။
ကိုစိုင်းကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ လိုကျောင်းသားတွေအတွက် ဒီလို အဘိဓါန် တွေဟာ မရှိမဖြစ်ပါပဲ။

Thank a lot !

ယနေ့ငွေဈေး