၂၀၀၉ ခု နိုဝင်ဘာ ၁၄ ရက်
စင်ကာပူနိုင်ငံ
စင်ကာပူနိုင်ငံ
Kreta Ayer People's Theatre
ဒီနေရာက ကျွန်တော် သိပ်မရင်းနှီးသည့် နေရာ။ မနှစ်က တစ်ခေါက်တော့ ရောက်ဖူးသည်။ ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများ ဦးစီး ကျင်းပသော သင်္ကြန်ပွဲတုန်းက။
မျက်စိမှိတ်သွားလည်း ရောက်သည် ဆိုသည်အထိ ရင်းနှီးသောနေရာမဟုတ်။
သူငယ်ချင်း မင်းမင်းဦး (သူကလည်း မန္တလေး စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းတစ်ဦး) နှင့်အတူ ထွက်လာခဲ့သည်။ China Town ဘူတာတွင်ဆင်းရမည်ကိုသာ ကျွန်တော် မှတ်ထားသည်။ လက်မှတ်တွင်ပါသည့် လမ်းညွှန်လေးအတိုင်း လမ်းလိုက်ရှာသည်။ ၃ လမ်း လောက် နည်းနည်းလျှောက်ပြီး၊ ကိုစိုင်းထွန်းအေးကို တွေ့သည်။ သူက ရှမ်းဘောင်းဘီအရှည်နှင့် သုတ်သုတ် နှင့် ပြဇာတ်ရုံဘက်သွားနေသည်။ ကျွန်တော်တို့ သူငယ်ချင်း ၂ ယောက်လည်း သူ့နောက် အသာလိုက်ခဲ့လိုက်တော့သည်။ သေချာသည်ကိုး... သူ ရှမ်းနှစ်သစ်ကူးပွဲသွားမှာလေ။
လမ်းတွင် ဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်လျှေက်စဉ် စင်ကာပူနိုင်ငံသားတစ်ချို့က ကျွန်တော် ၀တ်လာသော ရှမ်းဘောင်းဘီကြည့်ပြီး ဘယ်ကလဲ ဟု မေးသည်။ သူ့သူငယ်ချင်းတွေကိုလည်း ကျွန်တော့် ဘောင်းဘီကို လက်ညှိုးထိုးပြပြီး ရှင်းပြနေသည်။ ကျွန်တော်က မြန်မာ ကပါ အပြုံးတစ်ပွင့်နှင့် အတူ ဖြေလိုက်ပြီး၊ ပြဇာတ်ရုံဖက် ခရီးဆက်ခဲ့ကြသည်။
လမ်းတွင် ဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်လျှေက်စဉ် စင်ကာပူနိုင်ငံသားတစ်ချို့က ကျွန်တော် ၀တ်လာသော ရှမ်းဘောင်းဘီကြည့်ပြီး ဘယ်ကလဲ ဟု မေးသည်။ သူ့သူငယ်ချင်းတွေကိုလည်း ကျွန်တော့် ဘောင်းဘီကို လက်ညှိုးထိုးပြပြီး ရှင်းပြနေသည်။ ကျွန်တော်က မြန်မာ ကပါ အပြုံးတစ်ပွင့်နှင့် အတူ ဖြေလိုက်ပြီး၊ ပြဇာတ်ရုံဖက် ခရီးဆက်ခဲ့ကြသည်။
ကျွန်တော်တို့ရောက်တော့ လူပါးပါသေးသည်။ သိပ်မများသေး။ ဧည့်ကြိုများနှင့် ဧည့်သည် ၁၀ ဦးကျော်ကျော်သာ ရှိသေးသည်။ စင်ကာပူနိုင်ငံတွင် ဆက်သွယ်ရေး သွယ်ကူသည့်အတွက် အချိန်ကပ်မှ တစ်ညီတစ်ညာတည်း စုပြုံရောက်လာတတ်ကြတာကို သတိထားမိသည်။ အချိန်ကိုက်လာကြတာကိုး။ ကားနောက်ကျ၊ ရထားနောက်ကျမှာ မပူရ။ အလွန်ဆုံး လွှဲလှ ၄ - ၅ မိနစ်သာ။
လက်မှတ်ပေးလိုက်တော့ ခုံနေရာရေးပေးသည်၊ ပြီးတော့ ထမင်းဘူးပေးသည်။ အွန်လိုင်းမှ မိတ်ဆွေဖြစ်ကြသည့် ကိုဇော်နိုင်ဦးနှင့်တွေ့သည် ခင်နေကြတာကြာပြီ၊ ချိန်းထားလျှင်လွှဲဦးမည်။ ခုတော့ သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားသည်။ :D ကျွန်တော့် ဘုကျကျ မျက်နှာပေးနှင့် ဓာတ်ပုံများကို မှတ်မိနေပုံရသည်။ ကိုဇော်နိုင်ဦးရေ စကားပြောမကောင်းသော ကျွန်တော့အား ခွင့်လွှတ်ပေးပါရန် ဤနေရာမှပင် တောင်းပန်လိုက်ပါသည်။ နောက်များတွေ့လျှင် လက်ဖက်ရည် တူတူ သောက်ချင်သေးသည်။ စကားလက်ဆုံ ပြောချင်သေးသည်။
ရှမ်းထမင်းစားရမည်ဟု မျှော်လင့်ထားခဲ့သည်။ ဒီတစ်ချက်တော့ လွှဲသွားသည်။ နောက်နှစ်တော့ အစ်မကြီးတစ်ယောက်ကို ကြိုတင် အကြောင်းကြားပြီး စီစဉ်ရန် စိတ်ကူးမိသည်။ လာရှိုးမှ အစ်မကြီး တစ်ခါမာလာဟင်း ချက်တာတော့ အတော်ကောင်းသည်။ လာမည့် တနင်္ဂနွေနေ့တွင် သူတို့အိမ်၌ ရှမ်းစာ ချက်ကျွေးမည် ဟု ပြောသည်။ မနေ့က မက်ဆေ့ဂ်ပို့သည်။ လာစားရမည်ဟု။ သူငယ်ချင်းတစ်သိုက် ခေါ်သွားပြီး၊ သွားစားလိုက်ဦးမည်ဟု ကြိမ်းထားသည်။ :P
ပွဲမစခင် ပြဇာတ်ရုံထဲ ၀င်ကြည့်မိသည်။ စိုင်းဆိုင်မောဝ် နှင့် လူတစ်ချို့ ထိုင်ရင်း စကားပြောနေတာ တွေ့သည်။ စိုင်းဆိုင်မောဝ်၏ ရုပ်သွင်မှာ အတော်ငယ်သေးသော ဟန်ရှိသည်။ အရွယ်အတော်တင်သည်ကိုး။ ကောင်းလိုက်သည့် ကုသိုလ်။
စင်ပေါ်တွင် ရှမ်းလူငယ် အချို့ ပွဲအတွက် ပြင်ဆင်၊ လုပ်ကိုင်နေကြသည်ကို တွေ့သည်။ ကျွန်တော်က အနုတွေမရ။ အကြမ်းသမား၊ ခုံထမ်း၊ ပစ္စည်းရွေ့တော့ရသည်။ သို့သော် အရောက်နောက်ကျသည့် အတွက် ခုံတစ်ချို့သာ ကူသယ်ပေးနိုင်ခဲ့သည်။ စောစောပိုင်း အလုပ်များကား ပြီးစီးနေနှင့်ချေပြီ။ ခပ်ကြမ်းကြမ်းဆို "ရှမ်းတုတ်သိုင်း" တော့ ချ၍ရသည်။ "ဟီး.... နောက်နှစ် ကခိုင်းနေမှာ စိုးရသေးသည်"။ :P
၅ နာရီထိုးပြီးတော့ ပရိတ်သတ်များ စုပြုံရောက်လာကြပြီ။ ဟိုမှ၊ သည်မှ တဖွဲဖွဲရောက်လာကြပြီ။ ရုံအပြင်တွင် တဖြည်းဖြည်း များလာပြီ။ ထို့ကြောင့် ရုံတွင်း ၀င်နိုင်ပြီဖြစ်ကြောင်းပြောသည့်အတွက် ရုံအတွင်းသို့ ၀င်ကာ နေရာယူရတော့သည်။
အမှတ်တရ ဓာတ်ပုံကြသူများ အများအပြား။ ကင်မရာကလည်း ပေါသည်ကိုး။ ဖုန်းတိုင်းလိုလို ကင်မရာပါတော့  တဖြတ်ဖြတ် ရိုက်နေကြသည်။ နောက်နှစ်တွင်တော့ ရှမ်းမော်ဒယ် မောင်မယ်များနှင့်အတူ အမှတ်တရ ဓာတ်ပုံ ရိုက်ခွင့်များလည်း ပေါ်ကောင်းပေါ်ပေဦးမည်။ ကျွန်တော်ကတော့ ကချင်ရိုးရာဝတ်စုံဖြင့် အမှတ်တရ ဓာတ်ပုံ အရိုက်ခံခဲ့သော ဗိုလ်ချုပ်အောင်ဆန်းကို အမှတ်ရမိနေသေးသည်။ သြော် လူဆိုတာ "အစွဲကျွတ်ဖို့အတွက် သတ္တိရှိဖို့၊ သဘောထားပြည့်ဖို့၊" လိုပေသကိုးလို့လည်း ဆင်ခြင်မိသေးသည်။ ကုလားဝတ်စုံဝတ်ကာ ကုလားက ကနိုင်အောင် သင်စိတ်ကူးစေချင်သည်။ အစွဲကြောင့် ပျက်ခဲ့ရသောဘ၀ပေါင်းများစွာ၊ တိုင်ပြည်ပေါင်းများစွာ ရှိခဲ့လိမ့်မည်ဟု ကျွန်တော် ယုံကြည်သည်။ “ဟုတ်သောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး၊ သူတော်ထုံးကို၊ စွဲသုံးသောထွေ၊ မှန်လှစေ" ဟူသော ရှင်မဟာသီလ၀ံသ၏ ဆုံးမစာကိုလည်း လေးလေးနက်နက် နှလုံးသွင်းနေမိသည်။
တစ်ချိန်က ကျွန်အဖြစ် အမေရိက တိုက်သို့ ရောက်ရှိခဲ့သော အာဖရိကလူမည်းအနွယ်ဝင်တို့အား အမေရိကန် သမ္မတ ဖြစ်ခွင့်အထိ သဘောထားကြီးပေးဖို့ ဆိုသည်မျာ အပြောလွယ်သလောက် အလုပ်မလွယ်ပါ။ "သင့်ကိုယ်သင် သဘောထားမကြီးနိုင်မှန်းကို အသေအချာ စေ့စေ့တွေးမှ၊ ရှက်ဖွယ်လိလိ သဘောထားသေးသိမ်နေသူ ဖြစ်ကြောင်း" သိလိုက်ရတတ်သည်လည်း ရှိပါသည်။ ဗုဒ္ဓ၏ လူများအား အဆင့်အတန်းသတ်မှတ်ရာတွင် "လူဖြူလူမည်း၊ လူဝါ လူညို၊ ဇာတ်နိမ့် ဇာတ်မြင့်၊ ဆင်းရဲ ချမ်းသာ မရှိဘဲ။ ကိုယ်ကျင့်သည့် ကိုယ်ကျင့်တရားအပေါ်သာ ရှုမြင်ဆုံးဖြတ်ရသည်ကို" အလွန်နှစ်ခြိုက်သည်။
တစ်ခါတစ်ခါတော့ နိုင်ငံဒေသနယ်နမိတ် သတ်မှတ်ခြင်း၊ လူမျိုးသတ်မှတ်ခြင်း၊ ဘာသာအယူဝါဒ သတ်မှတ်ခြင်းများကို စိတ်ကုန်မိသည်။ ဘယ်ဘုရားမှ လူလူချင်း သတ်ရန် ဆုံးမခဲ့သည် မဟုတ်ဘဲ၊ ဘာသာဝင်ဟု ကိုယ်ဖာသာ သတ်မှတ်ပြီး၊ အယူဝါဒစွဲဖြင့် စစ်ပွဲကြီးများ ဆင်နွဲနေကြသော ဟိုဘာသာဝင်၊ သည်ဘာသာဝင် အားလုံးသည် အမှားများ အဆက်ဆက်ကျူးလွန်ခဲ့ကြပြီ။ သူတို့ကိုယ် သူတို့တော့ ဘုရားကျေးဇူးဆပ်သည်ဟု အထင်ရှိကြပေမည်။ သာသနာအကျိုးသယ်ပိုးသည်ဟု အမြင်ရှိပေမည်။ သို့သော် အမှန်မှာ ဘုရားမျက်နှာကို အိုးမည်း သုတ်လိုက်ခြင်းသာ ဖြစ်သည်။
ရှမ်းမောင်မယ်များ၏ ကြိုးစားအားထုတ်မှုကိုတော့ရေးပြသည်ထက် .... ခံစားကြည့်သည်က ပိုကောင်းမည်။ ရိုက်လာခဲ့သော ဗွီဒီယိုဖိုင် အချို့ကို တင်ပေးလိုက်ပါသည်။

စတိတ်စင်မြင်ကွင်း
သိပ်ကောင်းတဲ့ ဓာတ်ပုံတွေနဲ့ ဝေဆာနေတဲ့ Simply Nice တင်ပြတဲ့ 2104 SHAN NEW YEAR
အကောင်းဆုံးဓာတ်ပုံတွေ ဒီမှာကြည့်
အရည်အသွေးမှီ VCD အဖြစ်ထွက်ရှိလာမည် ဖြစ်ပါကြောင်း ..............








3 Comments:
လာဖတ်ပါတယ်
ကောင်းတယ်ဗျာ
Nice for sharing your happiness! Thanks!
ဖတ်သွားပါတယ်
Post a Comment