- မိုးမောင် ၏ အဖြည့်ခံ ဖတ်ရန်
- ဟန်သစ်ငြိမ်၏ U ယူ N နီ I ကုဒ် C ယူ O နီ D ကုဒ် E ဖတ်ရန်
- ကိုစွမ်း ၏ မိတ်ဆက်ပေးခြင်း ဖတ်ရန်
- ဖားကြီး၏ ဟစ်ဟော့သီချင်း ဆိုခဲ့တုန်းက ဖတ်ရန်
- ဟန်လေး၏ လောင်ကျွမ်းခြင်း ဖတ်ရန်
- နွေဆူးလင်္ကာ၏ ခေတ်မီ အသီးတစ်ရာ အညှာတစ်ခု ဖတ်ရန်
- အဖြူရောင်၏ မြင်နေကြားနေရသော ဖတ်ရန်
၃၁.၀၁.၂၀၀၉ ရက်နေ့ဖတ်စရာ မြန်မာဘလော့ဂ်စာမျက်နှာ
တစ်သက်လုံးပဲ သတိရနေမယ် (၂)
“ဂျက်စီ … နင်နောက်ထပ်သောက်တယ်ပေါ့။”
သူကျွန်တော့်အပေါ်ဒေါသထွက်တာ တစ်ခါမှမမြင်ဖူးခဲ့ဘူး။
“အိုကေ … နောက် မသောက်တော့ပါဘူးကွာ ….အေ့ …”
“နင်ငါပြောတာ နားမထောင်ဘူးလားဂျက်စီ”
“ဟာ …. နင်လေသံက ..အေ့ … ငါ့အမေလေသံအတိုင်းပဲ … အေ့ …”
“ငါ ဘရက်ဒီကို လာကြိုဖို့ ခေါ်လိုက်တော့မယ်”
“ဟာ .. နင်အစ်ကိုကို ဒုက္ခသွားမပေးပါနဲ့။ ငါဘာမှ မဖြစ်ပါဘူးဟ။ မောင်းနိုင်ပါတယ် … အေ့ …”
ကျွန်တော် ကားထဲဝင်ပြီး ကားစတီယာရင်ခွေပေါ် ခေါင်းချပြီး ကားမောင်းဖို့ကြိုးစားတော့ အမ်ဘာက အပြင်ကနေ ကားတံခါးကို တဘုန်းဘုန်းထုရင်း ..
“နင်ဘာလုပ်နေတာလဲ”
“ဂျက်စီ ခုချက်ချင်းတံခါးဖွင့်စမ်း။ နင်ဒီပုံနဲ့ ကားမောင်းလို့ မဖြစ်ဘူးဆိုတာ မသိဘူးလား”
“ဖြစ်ပါတယ် အမ်ဘာရယ် … အေ့ …”
“နေဦးငါနင်နဲ့လိုက်မှဖြစ်မယ်။ နင်တစ်ယောက်တည်းသွားလို့ မဖြစ်ဘူး။ သူပြောပြီးကားထဲဝင်လာတယ်။ ကားသော့ကို ဆွဲလုဖို့ကြိုးစားတယ်။ ဒါပေမယ့် သူကားတံခါးပိတ်ပြီးတာနဲ့ ကျွန်တော်က မောင်းထွက်လာခဲ့ပြီ။ စမောင်းတော့ ၁ နာရီ ၁၀၀ ကီလိုမီတာနှုန်း။ ချက်ချင်းပဲ ကီလို ၁၆၀ ထိ တက်လာတယ်။
“ဂျက်စီ… နင်မောင်းလို့မဖြစ်ဘူး။ တို့ အစ်ကိုကို ခေါ်ရအောင်။ မနက်ဖြန်မှ နင့်ကာ ပြန်လာယူရအောင်နော်”
“အာ … ရပါတယ် … ငါမောင်းနိုင်ပါတယ်ဆို .. အေ့”
“ဂျက်စီရေ … အရှိန်လျော့ပါဦး။ သိပ်မြန်လွန်းနေပြီ။”
“မြန်ပါဘူးဟ”
“ဘာပြောတယ် ခု ကီလို ၁၆၀ ရှိနေပြီ”
“ရပါတယ် အမ်ဘာရယ်။ ငါထိန်းနိုင်ပါတယ်။ ငါဘယ်တုန်းကများ နင့်ကို အနာတရဖြစ်အောင် လုပ်ဖူးလို့လဲကွာ”
“ဂျက်စီ၊ ရပ်ပါတော့၊ ငါကြောက်လာပြီ။ အီး … ဟီး ….” သူမငိုပါလေပြီ။
“ဟာ နင်ဘာမှ မဖြစ်စေရပါဘူးကွ”
“ငါကတိပေးပါတယ်ဟာ .. နင်ဘာမျှ မဖြစ်စေရပါဘူး”
“ဂျက်စီ .. ဟိုမှာ …….”
ကျွန်တော်အာရုံတွေကို လမ်းပေါ်ပြန်စိုက်လိုက်တယ်။ ကားတစ်စီးက ကျွန်တော့ဆီတည့်တည့်ကြီး ၀င်ချလာပြီ။ ကျွန်တော် အမ်ဘာကိုယ်ပေါ်ကို ကျွန်တော့်ကိုယ်နဲ့ကာလိုက်တယ်။ ဒါပေမယ့် သူ့ခေါင်းက ကားတံခါးကို အစိတ်စိတ်အမြွာမြွာ ဖြစ်သွားအောင် တိုက်မိသွားပြီ။
နာရီအတော်ကြာသတိမေ့နေပြီး။ ကျွန်တော်သတိရလာတော့ ဆေးရုံပေါ်မှာ ထိခိုက် ရှနာ နည်းနည်းရထားသည်။
“အမ္ဘာ ….. အမ္ဘာ…” ကျွန်တော် အော်ခေါ်မိသည်။
နပ်စ်မတစ်ယောက်ပြေးဝင်လာသည်။
“အမ်ဘာ ဘယ်မှာလဲဗျာ … ပြောပါ …အမ်ဘာ ဘယ်မှာလဲဟင် …” ကျွန်တော် တရစပ်မေးနေမိတယ်။
“နေသာရဲ့လား ကောင်လေး”
နပ်စ်မ ကျွန်တော့် သွေးခုန်နှုန်းကိုစမ်းရင်းမေးတယ်။
“ဟာဗျာ … ကျွန်တော်သူ့ကိုတွေ့ချင်တယ်” ပြော ပြီး ကျွန်တော်အိပ်ရာပေါ်က လူးလဲထတယ်။
နပ်စ်မက ကျွန်တော့်ကို ဖမ်းထိန်းပြီး အိပ်ရာထဲပြန်လှဲနေဖို့ ကြိုးစားပေမယ့် ကျွန်တော်က ပိုအားရှိတော့ သူလက်လျော့လိုက်ရတယ်။ အမ်ဘာရှိတဲ့အခန်းကိုပြောပြတယ်။ အခန်းထဲရောက်တော့ ဆေးပိုက်တွေ၊ ချိတ်ဆက်ထားတဲ့စက်တွေနဲ့ မလှုပ်မယှက်ဖြစ်နေတဲ့ အမ်ဘာ့ကိုတွေ့တယ်။ ကျွန်တော့နှလုံးသားထဲ ဓားနဲ့ထိုးလိုက်သလိုပါပဲ။ သူ့ဖေဖေနဲ့မေမေကို သူ့ဘေးမှာတွေ့ရတယ်။ သူတို့တွေ ကျွန်တော့်ကို မော်ကြည့်လာတယ်။
“ကျွန်တော် … ကျွန်တော် ….” ဘာမှ ထပ်မပြောနိုင်တော့ဘူး။
သူ့မေမေကျွန်တော့်ဆီပြေးလာပြီး ကျွန်တော့်ကို ရိုက်မယ့်အစား၊ ဆဲမယ့်အစား ကျွန်တော့ကို သေချာကြည့်၊ ဖက်ပြီးတော့ ငိုတော့တာပဲ။ သူ့ဖေဖေလည်း အဲလိုပါပဲ။ သူတို့တွေ ကျွန်တော့်ကို ခွင့်လွတ်တယ်ဆိုတာ ကျွန်တော်သိလိုက်တယ်။ ဒါပေမယ့် ကျွန်တော့်ကို ကျွန်တော် ခွင့်မလွတ်နိုင်တော့ဘူး။ ကျွန်တော် သူ့ခုတင်ဘေးမှာ ထိုင်ချပြီး၊ သူလက်ကလေးကို ညင်ညင်သာသာဆွဲယူ ကျွန်တော့ ရင်ခွင်ထဲသွင်းပြီး၊ သူကျွန်တော့်ဆီ ပြန်လာမယ့် အချိန်ထိ ကျောက်ရုပ်ကြီးလို ငူငူကြီး ထိုင်နေမိခဲ့တယ်။ လူတွေက ကျွန်တော့ကို အနားယူဖို့ပြောကြတယ်။ ကျွန်တော်ဘာကိုမျှကို ဂရုမစိုက်တော့တဲ့အတွက် သူ့ဘေးမှာ ကျွန်တော့်ကို ထားပြီး ထွက်သွားကြတယ်။
ကျွန်တော်ဘယ်မှ မသွားဘူး။ ဘာမျှမစားဘူး။ ၂ ရက်လောက်ကြာပြီးတဲ့နောက် အမ်ဘာနိုးလာတယ်။ ဆရာဝန်ကို ခေါ်ဖို့ ကျွန်တော်လုပ်တော့။ သူကတားတယ်။
“မင်းနိုးလာပြီနော်…” မျက်ရည်တွေကျရင်း ကျွန်တော်ပြောနေမိတယ် ။
“နင်နေကောင်းရဲ့လား” သူပြုံးပြီး တိုးတိုးလေးပြောတယ်။
“အင်းကောင်းတယ် .. ငါ့ရင်ထဲဘယ်လောက်ဗြောင်းဆန်နေတယ်ဆိုတာ နင်သိလား။ ခု နင်ပြန်နိုးလာတာ ငါဘယ်လောက်ဝမ်းသာတယ်မှတ်လဲ ..”
“ဂျက်စီရယ် ….”
“အင်း ..ဘာလဲ …အမ်ဘာပြောလေ ”
“ငါ နင့်ကို ချစ်တယ်”
“ငါလည်း နင့်ကို ချစ်တာပဲ .. ဒါပေမယ် …”
“ဖေဖေ၊ မေမေ နဲ့ ဘရက်ဒီကို ပြောပေးပါ။ သူတို့ကိုငါချစ်ပါတယ်လို့။ ပြီးတော့ နင့်ငါ့ကို ကတိပေးပါ … နင့်ငါ့ကို ဘယ်တော့မှ မေ့မပစ်ပါဘူးလို့”
ပြောရင်း သူငိုသည်။
“ဘာ … မပြောနဲ့ … နင်ငါ့ကို ထားပြီး ထွက်မသွားရဘူး” ငိုရင်း ကျွန်တော်ပြောသည်။
“ငါနင့်ကို ချစ်တယ် ဂျက်စီရယ် …”
သူမျက်ရည်တွေ တတွေတွေကျရင်း မျက်လုံးတဖြည်းဖြည်းပိတ်သွားတယ်။
“မသွားနဲ့ … ငါ့ကို ထားပြီး မသွားပါနဲ့ ..”
ပေါက်ကွဲထွက်မတတ် အော်ပစ်လိုက်သည်။
အမ်ဘာ့ဖေဖေပြေးဝင်လာသည်။ နှလုံးခုံနှုန်းပြစက်က နှလုံးရပ်သွားကြောင်းပြနေပြီ။ ဆရာဝန်နှင့် နပ်စ်မများ ရောက်လာသောအခါ သူ့ဖေဖေလက်ထဲ အမ်ဘာ့ကို ထည့်ပေးပြီး ကျွန်တော် လမ်းပေါ်ပြေးထွက်သွားမိသည်။
ဆရာဝန်တွေ တတ်နိုင်သမျှ ကြိုးစားကုသခဲ့ကြပေမယ့် အမ်ဘာတစ်ယောက် ဆုံးပါးသွားခဲ့သည်။ ကျွန်တော်တို့ သူ့ကို ထာဝရ ဆုံးရှုံးလိုက်ရပြီ။ ဘယ်တော့မှ ပြန်မလာမယ့်လမ်းကို ထွက်သွားခဲ့ပြီ။ ဒီနေ့ထိအောင်ပဲ လူတွေက အမ်ဘာ့အကြောင်းပြောရင် ကျွန်တော့နာမည်ပါစမြဲပါပဲ။ သူတို့တွေ ဘာပြောပြော ကျွန်တော် စိတ်မဆိုးမိပါဘူး။ ဒီနေ့ ဒီလိုအချိန်မှာ …အမ်ဘာ ကျွန်တော့်ကို စွန့်ခွာသွားခဲ့တာပါ။ ခု ကျွန်တော် … အိပ်ယာပေါ် တစ်ယောက်တည်းလဲရင်း …. ပါးပြင်ပေါ် မျက်ရည် တလှိမ့်လှိမ့်စီးကျရင်း …. အမ်ဘာ့ဓာတ်ပုံလေးကို လက်ထဲမှာကိုင်ထားရင်းနဲ့ ….. ဆွေးဆွေးမြေ့မြေ့လွင့်ပျံ့လာတဲ့ ရေဒီယို သီချင်းလေးကို … နာကျင်စွာ ခံစားနေမိပါတယ် …
မင်းက မိုင်ပေါင်းများစွာ အဝေးမှာေ၇ာက်နေပေမယ့်
ငါမင့်ကို ဘယ်တော့မှ မမေ့ဘူးဆိုတာလေးတစ်ခုတော့ မင်းသိစေချင်တယ်
ငါ့အခန်းထဲမှာ တစ်ယောက်တည်းထိုင်ရင်း
ရေဒီယိုသီချင်းလေးနားဆင်ရင်းနဲ့
ငါတို့နားထောင်နေကြ သီချင်းလေးပါပဲ
ငါ့အိပ်ယာဘေးမှာ ထားတဲ့ မင့်ဓာတ်ပုံလေးကို
မြဲမြဲဆုပ်ကိုင်ရင်း
မင်းပြောခဲ့တာတွေ ကြားယောင်နေမိတယ်
“ငါမင့်ကို ချစ်တယ်။ ငါဘယ်ရောက်ရောက် မင့်အကြောင်းတွေးနေမယ်”
မင်းငါ့ဆီပြန်လာတဲ့နေ့ထိအောင်ပါပဲ အချစ်ရယ်။
ငါ့ရင်ထဲက အချစ်တွေ မင့်ဆီပို့လိုက်ပါ့မယ်
ငါမင့်ကိုလွမ်းတယ် ငါလွမ်းတယ်အချစ်ရယ်
မျက်ရည်တွေလည်း မိုးလိုသည်းနေပြီကွယ်
ငါတို့နှုတ်ဆက်ခဲ့ကြရတုန်းကတည်းက
ငါ့အသည်းတွေ ကွဲခဲ့ပါပြီအချစ်ရယ်
နောက်ကျန်တဲ့ ငါ့အသက်ကတော့ ၀ိညာဉ်မဲ့နေပါပြီကွယ် ...
...
အမ်ဘာ့ကို ကျွန်တော် ကတိပေးခဲ့ဖူးတယ်။
သူဘာမှမဖြစ်စေရပါဘူးလို့။ အဲဒီကတိ ကျွန်တော်ပျက်ခဲ့တယ်။ ဒါပေမယ့် သူတောင်းခဲ့တဲ့ နောက်ကတိတစ်ခုကိုတော့ ကျွန်တော် ဘယ်သောအခါမှ ဖောက်ဖျက်မှာ မဟုတ်ပါဘူး။
သူ့ကို ဘယ်တော့မှ မေ့မပစ်ပါနဲ့ဆိုတာလေ။
ကျွန်တော်ဘယ်မေ့နိုင်ပါ့မလဲ သူက ကျွန်တော့် အချစ်ဆုံးလေ။ ဘယ်သောအခါမှ မမေ့နိုင်တော့မယ့် ကျွန်တော့ ချစ်သူလေ ….
ပြီးပါပြီ။
.
.
NEVER FORGET
by Sarah Duval
ကို ခံစားတင်ပြသည်။
.
.
တစ်သက်လုံးပဲ သတိရနေမယ်
စိတ်ထဲမှာ မနေ့ကပဲ ဖြစ်ခဲ့သလို။ ကျွန်တော့်သူငယ်ချင်းကောင်းတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့နေ့။ အရှိန်လျော့လိုက်ဖို့ တောင်းပန်နေတဲ့သူ့အသံတွေကို သေဆုံးသည်အထိ ကျွန်တော် ကြားယောင်နေဦးမယ်။ ဒါတွေပြန်တွေးတိုင်း မချိအောင်ခံစားရတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် ခွင့်မလွတ်နိုင်တော့ဘူး ….. ဘယ်တော့မှ ခွင့်လွတ်နိုင်တော့မှာ မဟုတ်ပါဘူး ….
အခန်း (၂)
“ဂျက်စီရေ … အရှိန်လျော့ပါဦး။ သိပ်မြန်လွန်းနေပြီ။”
“ရပါတယ် အမ်ဘာရယ်။ ငါထိန်းနိုင်ပါတယ်။ ငါဘယ်တုန်းကများ မင့်ကို အနာတရဖြစ်အောင် လုပ်ဖူးလို့လဲကွာ”
“ဂျက်စီ၊ ရပ်ပါတော့၊ ငါကြောက်လာပြီ။ အီး … ဟီး ….” သူမငိုပါလေပြီ။
“ဟာ မင်းဘာမှ မဖြစ်စေရပါဘူးကွ”
အခန်း (၃)
ဒါပေမယ့် ကျွန်တော် သူ့ကို အနာတရဖြစ်စေခဲ့ပြီ။ ကျွန်တော် ဘယ်လောက်မြန်မြန်မောင်းမိတယ်ဆိုတာ မသိအောင် ကျွန်တော်အလွန်အကျွံသောက်ခဲ့မိတယ်။ ကျွန်တော် အရွယ်က ကလေးပဲရှိသေးတယ်လေ။ ဘယ်အရာမဆို လုပ်နိုင်ဘာတယ်လို့ ထင်နေမိခဲ့တဲ့ ၁၆ နှစ်အရွယ် ချာတိတ်လေးပေါ့။ လိုတရဖြစ်ခဲ့တဲ့ကျွန်တော့်ဘ၀။ ခုတော့ ကျွန်တော်သိပ်ချစ်တဲ့ ကောင်မလေးတစ်ယောက်၊ ကျွန်တော် ချစ်နေဦးမယ့် တစ်ဦးတည်းသော ချစ်သူကောင်မလေးတစ်ယောက်ကို ကျွန်တော်ကိုယ်တိုင်ပဲ နာကျင်ထိခိုက် စေခဲ့တဲ့အကြောင်း တွေးရင်း ဆွေးရင် မဆုံးသော တမ်းချင်းတွေနဲ့ ငိုနေရဦးမယ်လေ ….
အခန်း (၄)
“လာစမ်းပါ အမ်ဘာရာ၊ နင်ဘယ်လိုဝတ်ထားတယ်ဆိုတာ ဂရုစိုက်မယ့်လူ ဘယ်သူမှ မရှိပါဘူး။”
“မင်းသာအဲလိုနေ .. ဂျက်စီ ကဲကြည့်ပါဦး… ဒီရှပ်အင်္ကျီလေးနဲ့ဆို ဘယ်လိုလဲ”
“လှပါတယ်ဟာ။ ကဲ ဒို့တွေသွားလို့ရပြီလား။”
“ခဏ၊ ၁ မိနစ်လောက်”
“ကျွတ် … မိန်းမတွေများ ….”
“ဟေး …. ငါကြားတယ်နော်” … ရေချိုးခန်းမှ အမ်ဘာ့ အော်သံစူးစူးလေးထွက်လာသည်။
သူ့အတွက်တော့ ကျွန်တော်က အစ်ကိုတစ်ယောက်လိုပါပဲ။ လွန်ခဲ့တဲ့ ၃ နှစ်လောက်ထိပေါ့လေ။ နောက်ဘယ်လို ဖြစ်တယ်မသိဘူး။ ကျွန်တော့်စိတ်ထဲမှာ အမ်ဘာဟာ ခုညီမလေးဖြစ်လိုက်၊ တော်နေ ချစ်သူဖြစ်လိုက်နဲ့။ အမ်ဘာက လွဲလို့ ကျွန်တော်အမ်ဘာ့ကို ဘယ်လောက်ချစ်တယ် ဆိုတာ လူတိုင်းသိတယ်။ ကျွန်တော်ဖွင့်မပြောခဲ့ပေမယ့် သူဟာ ကျွန်တော့်ရဲ့ တစ်သက်သာ ချစ်သူပါပဲ။ တစ်ယောက်တည်းသော ချစ်သူပါပဲ။ ခုမဟုတ်ပေမယ့် နောင် ကျွန်တော်တို့ အသက်ကြီးလာတဲ့အခါ၊ သူနားလည်လက်ခံနိုင်လောက်မယ့်အခါ ကျွန်တော် ချစ်တဲ့အကြောင်း သူကို ပြောဖြစ်မှာပါ။
သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့ပွဲကိုအလာ … ခါတိုင်းလိုပဲ ကားပေါ်မှာ အမ်ဘာရယ် ကျွန်တော်ရယ် .. သီချင်းတွေအော်ဆို၊ စကားတပြောပြောနဲ့ ရယ်လိုက် မောလိုက်၊ စလိုက်နောက်လိုက်နဲ့ပေါ့။ သူ့မိဘတွေက ကျွန်တော်နဲ့ဆိုယုံတယ်လေ ဘယ်သွားသွား ဘယ်လာလာ မတားဘူး။ သူ့ကို ဂရုစိုက်ပါမယ်လို့လည်း ကျွန်တော်က ကတိပေးထားတာကိုး။ အမ်ဘာအတွက်ဆို ကျွန်တော်က အသက်တောင်ပေးရဲတယ်ဆိုတာ။ အမ်ဘာကလည်း ကျွန်တော့်အပေါ် ထပ်တူပဲဆိုတာ သူတို့တွေသိတယ်လေ။ တစ်နေ့တည်း၊ ဆေးရုံ တစ်ရုံတည်းမှာ ၂ နာရီပဲ ခြားပြီး မွေးလာခဲ့ကြတာ။ ကျွန်တော်က သူ့ထက်ကြီးတယ်။ ကျွန်တော်တို့ မိဘတွေကလည်း သူတို့ငယ်ဘ၀ကျောင်းကတည်းက ခင်လာကြသူတွေ။ နှစ်ဖက်မိဘတေါကလည်း ကျွန်တော်တို့ကို ခွဲနိုင်မှာမဟုတ်။ ခွဲမှာလည်းမဟုတ်။ သူငယ်ချင်းမွေးနေ့ပွဲလေးနဲ့ မလှမ်းမကမ်းမှာ ကျွန်တော့်ကားလေးကို ရပ်ထားလိုက်တယ်။ အမ်ဘာကတော့ ခပ်ရွံ့ရွံ့ပဲ။ သူက ဒီလိုပွဲမျိုး ဘယ်တုန်းကမှ တက်ဖူးတာမဟုတ်ဘူးလေ။ သူလက်ကို ညင်ညင်သာသာဆွဲပြီး ကျွန်တော် မွေးနေ့ပွဲရှိရာ ခေါ်သွားခဲ့တယ်။
အထဲရောက်တော့ ကျွန်တော်တို့ကျောင်းက သူငယ်ချင်းတွေနဲ့တွေ့တော့ ကဖို့ ဆုံးဖြတ်ပြီး ကကြပါလေရော။ တယ်ရီက ကျွန်တော့်ကို ဘီယာတိုက်တယ်။ အမ်ဘာက မသောက်ဖို့ပြောတယ်။ တစ်ခွက်တည်းသောက်မှာပါလို့ပြောပြီး ခွင့်တောင်းတော့။ အမ်ဘာ ခွင့်ပေးတယ်။ ဒါပေမယ့် ပြဿနာက တစ်ခွက်ကနေ နှစ်ခွက်။ နှစ်ခွက်ကနေ သုံးခွက်ဖြစ်လာတယ်။ ကျွန်တော်တို့ ကကြ ခုန်ကြပေါ့။ ကျွန်တော်မူုးလာပြီ။ အမ်ဘာက ဒါကို သတိပြုမိခဲ့တယ်။
“ဂျက်စီ .. လာ ခဏလောက်ထိုင်ဦး။ နင်သောက်တာတော်လောက်ပြီ” သူပြောပြီး ကျွန်တော့လက်ထဲက ဘီယာခွက်ကို ဖယ်ပစ်ပြီး။ ရေတစ်ခွက်ပေးတယ်။ ကျွန်တော် ဘယ်လောက်သောက်ရင်မူးတယ်ဆိုတာ ကျွန်တော် မသိဘူး။ အန်ချင်သလိုလိုတြော့ဖစ်မိတယ်။ အမ်ဘာ့ပခုံးပေါ် ခေါင်းမှီထားရတယ်။ သူကလည်း ကျွန်တော့်နားကပ်ထိုင်ပြီး တွဲပေးထားတယ်။ ခဏလောက် ကျွန်တော် အိပ်ပျော်သွားတယ်။ နာရီဝက်လောက်အကြာ ကျွန်တော်နိုးလာတော့ ကျွန်တော့်ခေါင်းက အမ်ဘာ့ ပခုံးပေါ်ရှိတုန်းပဲ။ ကပွဲကို ပြန်သွားဖို့ ကျွန်တော် ထလိုက်တော့ ခေါင်းကို တစ်ခုခုနဲ့ ရိုက်ထဲ့ လိုက်သလို မိုက်ခနဲဖြစ်သွားပြီး မူးသွားတယ်။ အမ်ဘာ့ကိုတော့ စိုးရိမ်မှာ စိုးတာနဲ့ ဘာမျှ မဖြစ်ပါဘူးလို့ ကျွန်တော် ညာပြောခဲ့တယ်။
အမ်ဘာလက်သွားဆေးတော့ ကျွန်တော်နောက် ဘီယာတစ်ခွက် ထပ်သောက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါ ကျွန်တော့် မဟာ အမှားပါပဲ။ သူပြန်ရောက်လာပြီး၊ ကိုယ်ခြေထောက်ပေါ်ကိုယ်မရပ်နိုင်တော့တဲ့ ကျွန်တော့ကို မြင်တော့ သူ့အလစ်မှာ ကျွန်တော် ဘာလုပ်ခဲ့တယ်ဆိုတာ အသေအချာကြီးကို သိတော့တာပေါ့။
သဲပန်းပုပြိုင်ပွဲမှ လက်ရာများ






















ကမ္ဘာ့သဲပန်းပုပြိုင်ပွဲမှ လက်ရာမှာဖြစ်ပါသည်။ ညီလေး ဇေယျာ ပေးပို့လိုက်ပါသည်။ အခြားလက်ရာများကို သွားရောက်ကြည့်ရှုလိုပါလျှင် Click၂၀.၀၁.၂၀၀၉ ရက်နေ့ဖတ်စရာ မြန်မာဘလော့ဂ်စာမျက်နှာ
- အိမ်၏ အဖေ (ခေါ်) ဖေဖေ ဖတ်ရန်
- ဟန်သစ်ငြိမ်း၏ ကျွန်တော်ကြိုက်သော အိုင်ဒီယာများ (၅) ဖတ်ရန်
- နိုင်းနိုင်းစနေ၏ မယ့်ထောက်ရဲ့ နမ့်ဖစ်ထောင်း ဖတ်ရန်
- ဒေါက်တာဝင်းသိန်း၏ ကြုံရဆုံရဆရာဝန်ဘ၀ ဖတ်ရန်
- ညီလင်းသစ်၏ သားကလေး, Johanna နှင့် baby-sitting ဖတ်ရန်
- ဇင်ယော်၏ စက္ကူငှက်ကလေး ဖတ်ရန်
- ဇီးကွက်၏ ကင်းခြေများပုံပြင် ဖတ်ရန်
- စိုးမင်းထိုက်၏ ငြိမ်းချမ်းပါစေ ဖတ်ရန်
- အေးချမ်းဖြူ၏ ရေပျော် ဖတ်ရန်
အင်္ဂလိပ်-မြန်မာ ပြက္ခဒိန် (၂၀၀၉)
2009 English-Myanmar Calendar Classic Poems
၅ နှစ်အရွယ် ပါရမီရှင်ဂျပန်မလေး
၁၈.၀၁.၂၀၀၉ ရက်နေ့ဖတ်စရာ မြန်မာဘလော့ဂ်စာမျက်နှာ
- ရွာသားလေးဝိုင်တီယူ၏ စိတ် ဖတ်ရန်
- ခင်ဦးမေ၏ Cbox အရုပ်ထည့်နည်း ဖတ်ရန်
- ၀ါဝါခိုင်မင်း၏ ရင်မှရှိုက်သံ ဖတ်ရန်
- သက်ဝေ၏ ပန်းကလေး ၃ ပွင့်အကြောင်း ဖတ်ရန်
- ဖားကြီး၏ Cyclone shelter နှင့် နားထောင်ခဲ့သော စာတမ်းဖတ်ပွဲ ဖတ်ရန်
- ၀င်းဇော်(မန္တလေး) ၏ Chewing Gum ဖတ်ရန်
- ဧရာဝတီစာကြည့်တိုက်မှ အလှကမ္ဘာမှာနေကြည့်ပါ ဖတ်ရန်
- မိုးခါး၏ အချစ်နဲ့အတ္တ ဖတ်ရန်
- အိမ်၏ အဘွားရဲ့ တစ်နှစ်ပြည့် အမှတ်တရ ဖတ်ရန်
အမေရိကန်သမ္မတ အိုဘားမားရဲ့ သေနတ်၊ အမြောက်ပြီးတဲ့ကား
The ABCs for Life
The ABCs for Life
Avoid negative sources, people, places, things and habits.
Believe in God
Consider things from every angle.
Don't give up and don't give in.
Enjoy life today, yesterday is gone, and tomorrow may never come.
Family and friends are hidden treasures; enjoy their riches.
Give more than you planned to.
Hang on to your dreams and visions.
Ignore those who try to discourage you.
Just do it.
Keep trying no matter how hard it seems, it will get easier.
Love God first and most.
Make it happen.
Never lie, cheat or steal, always strike a fair deal.
Open your eyes and see things as they really are.
Place your faith in God.
Quitters never win and winners never quit.
Read, study and learn about everything important in your life.
Stop procrastinating. Procrastinating is sin.
Take control of your own destiny and always trust in God alone.
Understand yourself in order to better understand others.
Visualize it.
Wait patiently on God
X'mas, a day of rejoicing
You are unique of all God's creation, nothing can replace you.
Zero in on your target and go for it
သန်လျင် GTC နံရံမှ ကဗျာတစ်ပုဒ်
တင်မိုး၏
ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကိုပြန်ပို့ကြပါတော့။
ဟူသော ဂန္ထ၀င်ကဗျာလိုလို ....
Gtalk ထဲမှ ခင်သူ တစ်ယောက်၏ Custom Message တွင် တင်ထားသည်ကို သဘောကျသည့်အတွက် မျှဝေခံစားလိုက်ခြင်း ဖြစ်ပါသည်။ ကျွန်တော် သူကိုယ်တိုင်ရေးတာလားဟု မေးသည့်အတွက် သူကဖြေပါသည်။ ဤကဗျာကို သူရေးခြင်းမဟုတ်။ GTC နံရံမှ ရသည်ဟု ဆိုပါသည်။ မည်သူရေးခဲ့မှန်းလည်း မသိပါ။ ကဗျာပိုင်ရှင်၏ လျှပ်တပြက်ဉာဏ်ရည်ကို ချီးကျူးပါသည်။ ခံစားကြည့်ပါ ...
YouTube ဗွီဒီယို File တွေ Download ချဖို့
အောက်ပါပုံအတိုင်းတွေ့ရမည်ဖြစ်သည်။
နံပါတ် (1) Free YouTube Download ကို Click လိုက်ပါ။
အောက်ပါအတိုင်းပေါ်လာမည်။
Internet Explorer သို့မဟုတ် FireFox ဖြင့် http://www.youtube.com/ ကိုဖွင့်ပါ။ YouTube ၏ Search တွင် မိမိလိုသော ဗွီဒီယို File ကိုရှာပါ။ ဥပမာ Sai Sai Khan Hlaing ....
YouTube ရှာတွေ့သော Video ဖိုင်များကို WebPage တွင် မြင်ရပါမည်။ မိမိ Download ချလိုသော File အား Click ပြီး ဖွင့်လိုက်ပါ။ ကျွန်တော်ကတော့ စိုင်းစိုင်းခမ်းလှိုင်၏ "၀မ်းနည်းမှတ်တမ်း" ကို ရွေးလိုက်သည်။
Webpage တွင် Copy ကူးရန် URL ကိုရှာပါ။ Copy ကူးလိုက်ပါ။
ပြီးလျှင် တော်နေက ဖွင့်ထားသော YouTube Download တွင် Paste ခလုတ်ကို နှိပ်လိုက်ပါ။ Detecting ..... ပေါ်လာပြီး .... File နာမည်ပေါ်လာပါမည်။
Browse ကို Click လိုက်ပြီး မိမိ Save လုပ်လိုသောနေရာကို စိတ်ကြိုက် ရွေးနိုင်သည်။ ကျွန်တော်ကတော့Desktop ကို ရွေးထားပါသည်။
Format တွင် မိမိသိမ်းလိုသည့် Format ကိုရွေးနိုင်သည်။ MP4, AVI, FLV Format များဖြင့်သိမ်းနိုင်သည်။
ပြီလျှင် Download ကို Click ပါ။ Downlod လုပ်ပါလိမ့်မည်။ Download လုပ်သည့် ပမာဏကို % ဖြင့်ဖေါ်ပြသည်။ ပုံတွင်မြင်နိုင်ပါသည်။
Download ပြီးသွားလျှင်။ Downloading was completed successfully. ဟုပေါ်လာမည်။ Close လုပ်ကာ ပိတ်ပါ။ မိမိ ရွေးထာသောနေရာတွင် Video ဖိုင် ရောက်နေပြီဖြစ်သည်။ သို့သော် Windows Media Player ဖြင့် ဖွင့်ရသည်မှာ အဆင်မပြေပါ။ ထို့ကြောင့် ဤ VLC Player ကို Download လုပ်ပါ။ Install လုပ်ပါ။
ကျွန်တော် Download လုပ်ထားသည့် စိုင်းစိုင်းခမ်းလှိုင်၏ "၀မ်းနည်းမှတ်တမ်း" ကို Right Click လုပ်ပြီး VLC Player ဖြင့် Play လိုက်သောအခါ ..... ၁၆.၀၁.၂၀၀၉ ရက်နေ့ဖတ်စရာ မြန်မာဘလော့ဂ်စာမျက်နှာ
- Netlog မှ ယေရှုခရစ် သည် အရိမေတ္တယျဘုရားလောင်းလော? ဖတ်ရန်
- ကောင်းကင်ပြာ၏ အမေကြိုက်တဲ့စိုင်းထီးဆိုင် ဖတ်ရန်
- ဖားကြီး၏ အဟာရပြတ်နေတဲ့လူငယ် ဖတ်ရန်
- ဟန်သစ်ငြိမ်း၏ ယုန်နှင့်လိပ် ဖတ်ရန်
- အနမ်း၏ မနေ့၊ သည်နေ့ နှင့် မနက်ဖြန် ညွန့်အေး (အင်းဝ) ဖတ်ရန်
- ၀င်းဇော်မန္တလေး၏ တ၀က်အမှန်၊ ၅၀% ကဟန် ဖတ်ရန်
- ဧရာဝတီစာကြည့်တိုက်မှ ချမ်းသာလိုက်ပုံများ ဖတ်ရန်
- လဂွန်းအိမ်၏ ပုံပြင်သစ် ၊ ပြဿနာနှစ်ပါး နှင့် တည်ငြိမ်ခြင်း ဖတ်ရန်
- မိုးခါး၏ ခုမြင်၊ ခုပျောက် ဖတ်ရန်
- သစ်ခက်သံလွင်၏ ညရင်ကွဲ (ခင်လွန်း) ဖတ်ရန်
- အိမ်၏ သင်္ဘောသားဘ၀ ဖတ်ရန်
- နေလင်း၏ တရုတ်နှစ်သစ် ဟောစာတမ်း ဖတ်ရန်
ဒီလမ်းမှာ
အဆုံးကို ကြိုသိခွင့်ရမယ်ဆို ဘယ်သူမဆို အသင့်တော်ဆုံးလမ်းကိုပဲ ရွေးလျှောက်ကြမှာပေါ့။ ကိုယ်ဖြတ်သန်းခဲ့တဲ့လမ်းဟာ ကြမ်းချင်ကြမ်းမယ်၊ ချောမွေ့ရင် ချောမွေ့မယ်။ ဘယ်လိုဖြစ်ဖြစ် အဆုံးသတ်မှာ အကောင်းဆုံးကို သာလိုချင်ကြတာပေါ့။ ကြိုသိခွင့်မရှိတဲ့ လမ်းကို လျှောက်ကြရတဲ့အခါ လက်ကိုင်ထားနိုင်တာတစ်ခုက ကိုယ်ကျင့်တရားလေးပါပဲ။ ဘယ်တော့မှ နောင်တမရချင်ရင် ကိုယ်ကျင့်တရားကောင်းကောင်းနဲ့ ကိုယ်ကျရာလမ်းကြောင်းပေါ် ဇွဲကောင်းကောင်းနဲ့လျှောက်ရုံပါပဲ။ လွဲခဲ့ရင်လည်း ....... နောက်တစ်လမ်း ထပ်ရွေးပြီးထပ်လှမ်းတာပေါ့ ....
အဲလိုပဲ လျှောက်ကြရသလားဗျာ ... နည်းလမ်းလေးများရှိရင်၊ မတူတဲ့အမြင်များရှိရင်၊ ဘာဆိုဆိုပြောဖို့ တစ်ခုခုရှိတယ်ဆိုရင် ...













