
ဝင်ကြည့်ရန် website များ
(၁) http://www.wunderground.com/tropical/
(၂) http://www.nrlmry.navy.mil/tc_pages/TC.html
(၃) http://www.tropicalstormrisk.com/
(၄) http://cimss.ssec.wisc.edu/tropic2/

အိုက်ပီး ။ ။ မိုက်ကြီးရေ မင်း ဟိုကောင်မလေးကို ဘာလို့ ချစ်တာလဲကွ။
မိုက်ကြီး ။ ။ လှလို့ပေါ့ကွာ။ စိတ်သဘောလေးလည်း ကောင်းတယ်ကွ။
အိုက်ပီး ။ ။ ဟုတ်လို့လား သေချာလည်း စဉ်းစားပါဦး။
မိုက်ကြီး ။ ။ ဟုတ်တယ်။ သူမျက်နှာလေးက အတော်မိုက်တာ။ ကိုယ်လုံးကိုယ်ပေါက် ကလည်းပြောစရာမရှိဘူး။ အသားအရေ ကလည်း ညက်နေတာပဲ။ ငါတော့ သူ့ဆို အသေရရ အရှင်ရရပဲ။
အိုက်ပီး ။ ။ မင်းပြောတာ လွန်ပြီကွာ။ အဲဒီကောင်မလေး အသေကောင်ကြီး ကို မင်းဖက်ပြီး ၁ ပတ်တူတူ အိပ်ပြီး မနေနိုင်ပါဘူး။ မဖြစ်နိုင်တာ မပြောပါနဲ့။
မိုက်ကြီး ။ ။ မင်းကလည်းကွာ။ ဒါကတော့။ အဖြစ်ပြောတာပါ။ အသေကောင်ကြီးတော့ မင်းလည်း လိုချင်မလားကွ။ ဂန်းမသား။
အိုက်ပီး ။ ။ ဟာ သေနေတုန်းလည်း လှတုန်းပဲလေ။ မပုပ်အောင်လုပ်ပြီးထားပေးမယ်ကွာ။
မိုက်ကြီး ။ ။ တော်ပါကွာ။ ငါ့ကို မသာမကြီးနဲ့ ညားနေတယ် ပြောမှာပေါ့။ မင်းကတော့ လုပ်ပြီ။
အိုက်ပီး ။ ။ အင်း...ထားပါ။ မင်းပြောတဲ့ စိတ်သဘောကောင်းတယ်ဆိုတာလေး ပြောပါဦး။ ဘာတွေကောင်းတာလဲ။
မိုက်ကြီး ။ ။ ငါ့ဆို အတော်ချစ်တာကွ သူက။ လိုလေသေးမရှိပဲ။
အိုက်ပီး ။ ။ ဟာ ဒါကလည်း အဆင်ပြေတုန်းမို့ပါကွာ။ မပြေတော့ မင်းထင်သလို ဖြစ်တော့မှာ မဟုတ်ပါဘူး။ ကောင်မလေးက မင့်ကို အသုံးမကျတဲ့ ယောက်ျား ဆန်ကုန်မြေးလေး။ ဆိုပြီး ပြောရင်ရော။
မိုက်ကြီး ။ ။ ဟာကွာ မင်းကလည်း။ ပြောရော့မယ်။ သူကပြောမလားကွ။
အိုက်ပီး ။ ။ အင်း လက်စသတ်တော့ မပြောလို့ ချစ်တာကိုး။ တကယ်လို့ ပြောရင်ရောကွာ။
မိုက်ကြီး ။ ။ ဟဲဟဲ သည်းခံမှာပေါ့ကွာ မင်းကလည်း။
အိုက်ပီး ။ ။ ဟုတ်လို့လားကွာ။ မင့်ကို ချိန်းတိုင် လာမတွေ့ပဲနေရင်ရော။
မိုက်ကြီး ။ ။ ဟာ အဲတာတော့ အကန်ခံရမှာပေါ့။ အဲ ... သူစိတ်ဆိုးနေသလား အရင် စုံစမ်းကြည့်ရမှာပေါ့ကွာ။ ဟီး ဟီး။
အိုက်ပီး ။ ။ အင်း အချစ်ဆိုတာ သူပေးနိုင်တာနဲ့ ကိုယ်လိုချင်တာ အဆင်ပြေနေရင် အိုကေတာပေါ့။ ပြီးတော့ ကိုယ်ပေးနိုင်တာနဲ့ သူလိုချင်တာ အံကိုက်နေတဲ့ အခါပေါ့။
မိုက်ကြီး ။ ။ အင်းပေါ့ကွာ။
အိုက်ပီး ။ ။ သေချာတာ တစ်ခုက မင်းသူ့ကို မိန်းမ ဖြစ်နေလို့လည်း ချစ်တာပါကွာ။ ပြီးတော့ မိန်းမပစ္စည်းပါနေလို့ပါ။ မဟုတ်ရင် မင်းမချစ်နိုင်ပါဘူး။
မိုက်ကြီး ။ ။ မင်းကတော့ လုပ်ပြီ။
အိုက်ပီး ။ ။ လူတစ်ယောက်က လူတစ်ယောက်ကို ချစ်တယ်ဆိုတာ ဟိုလူမှာ သူလိုချင်တာတွေရှိလို့ပါပဲ။ သူ့မျှော်လင့်ချက်တွေ စိတ်ခံစားမှုတွေကို တနည်းနည်းနဲ့ ဖြည့်ဆည်းပေးနေသူကို ချစ်ကြတာပါပဲ။ မင်းမှာသာ ယောက်ျားပစ္စည်း မပါဘူးလို့ သေချာတဲ့ သတင်းရပ်ကွက်ကနေ ထွက်လာပါလား။ မင့်ကောင်မလေး မင့်ကို ချစ်ပါလိမ့်မယ် အားကြီးကြီး။
မိုက်ကြီး ။ ။ အေး ဟုတ်တော့ ဟုတ်သကွ။ သူဘယ်လောက်လှတဲ့မိန်မပုံစံပေါက်နေပါစေ မိန်းမ မဟုတ်ဘူးလို့သာ ငါသိရရင် ငါလည်း ချစ်နိုင်မှာ မဟုတ်ဘူး။ သူလည်း အဲလို ဖြစ်မှာပေါ့။
အိုက်ပီး ။ ။ အင်းလေ စကားလှရုံပြောနေကြတာပါ လူတွေက အမှန်တော့ ကိုယ်လိုချင်တာ တစ်ခုခု သူ့မှာရှိလို့၊ ရှိမှာမို့၊ ရှိနိုင်လို့ ချစ်တယ်၊ ခင်တယ် ဖြစ်နေကြတာပါပဲ။ အဲဒီလူဟာ ကိုယ်မခံစားနိုင်တာကို ပြောနေ ဆိုနေ ခံစားရအောင်လုပ်နေရင် အဲဒီလူကို ခွာကြမှာပါပဲ။ မခွာသေးဘူးဆိုတာကလည်း မျှော်လင့်ချက်ရှိသေးလို့ ဖြစ်မှာပါပဲ။
sai.k.naw: ဟလို....
me: အင်း
sai.k.naw: အစ်ကို မနေ့..
7:47 PM လိုင်းမကောင်းလို့ကျသွားတာ.. sorry nor..
me: ဟုတ်ကဲ့ ဆက်ပြောပြပါဦးဗျ
7:48 PM
sai.k.naw: သူထောင်ခဲ့တဲ့ အဖွဲနာမည်က ခေုင်,သ်ု,င်္လံင်း ဆိုတဲ့တီးဝိုင်းအဖွဲ့ လေးပါ....သာရေးနာရေးတွေလည်း ပါတာပေါ့နော်............
me: အင်း
sai.k.naw: သူအဖေကလည်း...
me: ဘာနဲ့တီးတာလဲဗျ
7:49 PM
sai.k.naw: အဲဒီတုန်းက..သိပ်ရယ်ရတယ်သိလား.... တီဝိုင်းကလိုတဲ့လျှပ်စစ်ဂီတာတို့..ကို
7:50 PM သူတို့ဘာသာသူတို့လုပ်ကြတယ်.. သိပ်ဝါသနာကြီးကြတယ်...
me: အင်း
sai.k.naw: မဝယ်နိုင်ဘူးလေ..
me: အေးပေါ့ဗျာ
7:51 PM
sai.k.naw: ဒရမ်ဆိုရင် ဘေပါပုံးကို ဖြတ်ပြီးလုပ်တာ...
7:52 PM
me: ဟုတ်လား ထူးထူးဆန်းဆန်း
sai.k.naw: ပြီးမှနွားသားရေ နဲ့ ပြန်ကပ်တယ်...း)
me: အေးဗျာ
7:53 PM ဘာတွေထူးထူးခြားခြားလုပ်သေးလဲ
sai.k.naw: အဲဒီဒရမ်တောင် အခုထိရှိအုံးမယ်ထင်တယ် အင့်...
7:54 PM အဲ့ဒါတော့ သိပ်မသိဘူး...အဖေက သူနမ္မတူက ထွက်ပြီးနောက်ပိုင်း....
7:55 PM မှာ
me: အင်း
sai.k.naw: သူ့ထောင်ထားတဲ့တီးဝို်င်းမှာ ဂီတာတီးတယ်.. ကျနော့လက်ထက်ထိပေါ့..
7:56 PM
me: သြော် ညီလေးရော တီးတာလား
sai.k.naw: အင့်... ကျနော်က.. ကီဘုတ်တီးတယ်။.
7:57 PM နောက်ပိုင်း အဲ့ ဒီအဖွဲ့ ကို အမည်ပြောင်းလိုက်ကြတယ်.. ရှမ်းစာပေအဖွဲ့အစည်း.. ဆိုပြီး...
7:58 PM အခုထိလုပ်ရှားနေတုန်ပဲ...
me: အင်း ကောင်းတာပေါ့ဗျာ စာပေလည်း ထိန်းသိမ်းပြီးသားဖြစ်တာပေါ့
7:59 PM
sai.k.naw: အင့်...သူအဖေလည်း စံပဲ..
me: ဘာတွေများထူးခြားတာလဲ
sai.k.naw: ကျနော်တော့မမှီပါဘူး..
8:00 PM ကျနော်တို့ တောင်ပေါ်ဘုရားမှာ သူအဖေ
8:01 PM ဆွဲထားတဲ့.. ပန်ချီကားရှိတယ်.. ဗုဒ္ဓဝင်ကားတွေ..
me: အင်း အများကြီးလား
8:02 PM
sai.k.naw: သိပ်မများဘူး... ၂ကားလောက်ပဲထင်တယ်... ကြားလှပြီ... အဲဒါကို...
8:03 PM သူပြန်လာတောင်းသေးတယ်.. ဆရာတော်ကမပေးဘူး...
me: :D
8:04 PM
sai.k.naw: သူအဖေလက်ရာကို လိုက်စုနေတာလို့ပြောတာပဲ..
me: အင်း
8:05 PM ကျောင်းနေတုန်း တခြားဘာတွေများလုပ်သေးလဲ
Gtalk Connection က နောက်တဖန် ပြတ်သွားပြန်ပါသည်။
sai.k.naw: အစ်ကို က စိုင်းခမ်းလိတ်ရဲ့အကြောင်းကိုဘယ်က ရလဲ...
me: http://www.shanland.org
sai.k.naw: သြော်....ဟုတ်လား..
7:31 PM ကျနော်က နမ္မတူသားပါ..
သူနေခဲ့တဲ့ အိမ်နားလေးကပါ...
7:32 PM
me: :D
သိသမျှ ရေးပေးပါလား
ကျွန်တော် ပို့တင်ပေးမယ်လေ
ကြားမိသမျှပေါ့
7:33 PM မိဘတွေ ဆီကဖြစ်ဖြစ် ဘယ်သူ့ ဆီက ဖြစ်ဖြစ်ပေါ့
sai.k.naw: အော်...ကျနော်က မမှီဘူး ...ကျနော်အဖေတို့ အဖွဲ..
လေ...
me: အင်း
အဖေပြောပြတာ ကြားဖူးသမျှပေါ့
sai.k.naw: ဟုတ်ကဲ့..
7:34 PM me: http://www.shanland.org/index.php?option=com_content&view=article&id=2542:sai-kham-leik-the-timeless-song-composer&catid=mailbox&Itemid=279
7:35 PM sai.k.naw: သူက သိပ်ညဏ်ကောင်းတာတဲ့ နမ္မတူ convent ကျောင်းမှာတုန်းက ဆို...
စာအုပ်မသုံးဘူး...
ကျောက်သင်ပုန်းနဲ့ကျေက်တံပဲသုံးတာ..
me: အင်း
ဘယ်နှတန်းထိလဲ
7:36 PM sai.k.naw: အဲဒီမှာက အလယ်တန်းထိပဲရှိတာ...
me: အင်း
sai.k.naw: မာတာကြီက..
သူကိုဆူတယ်...
me: ၈ တန်းထိ ကျောက်တံနဲ့ကျောက်သင်ပုန်းသုံးတာပေါ့
7:37 PM sai.k.naw: အင်း..
တနေ့သင် ပြီရင်...
ပြီးပြီ..
အမြဲတမ်းနံပါတ် ၁...ပဲ..
7:38 PM ပြင်ဦးလွင်ပြောင်းသွားတော့မှာပဲ..
စာအုပ်သုံးတာ..
me: အင်း အင်း စံပဲ
7:39 PM sai.k.naw: နမ္မတူမှာ
..သူထောင်ထားတဲ့...
အဖွဲ..က
အခုထိရှိသေးတယ်...
7:40 PM me: ဘာအဖွဲ့များလဲ
7:44 PM ဟဲလို
Gtalk Connection ပြတ်သွားပါသည်။ နောက်နေ့ တွေ့လျှင် ဆက်မေးထားပါမည်။


(၃) http://www.tropicalstormrisk.com/

အောက်ပါဌာန အဆိုအရပြောရလျှင် မုန်တိုင်းက အားနည်းသွားပြီး လေပြင်းအဖြစ် ကုန်းပေါ်တက်မည်ဖြစ်သည်။
၁၇ ရက်နေ့တွင် လေတိုက်နှုန်း တစ်နာရီလျှင် ၈၀.၆ မိုင် ရှိမည်ဖြစ်ပြီး။
၁၈ ရက်နေ့တွင် လေတိုက်နှုန်း တစ်နာရီလျှင် ၆၃.၄ မိုင် ရှိမည်ဖြစ်ပြီး။
စောင့်ကြည့်ဖို့တော့ လိုပါမည်။
ဘင်္ဂလာပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်းတစ်ခု စတင်ဖြစ်ပေါ်နေပြီဖြစ်သည်။ နောက် ၃ ရက်ခန့် အကြာတွင် ဘင်္ဂလားဒေရှ်နိုင်ငံနှင့် ရခိုင်ပြည်နယ်တို့နှင့် နီးလာမည် ဟု ခန့်မှန်းထားသည်။ ထိုအချိန်တွင် လေတိုင်နှုန်းသည် တစ်နာရီ မိုင် ၆၉.၁ မိုင်နှုန်းဖြင့် တိုက်ခတ်နေမည်ဟု ခန့်မှန်းသည်။
စတင်ဖြစ်ပေါ်ရာနေရာ
၁၂ နာရီခြား ရွေ့လျားရာလမ်းကြောင်း နှင့် လေတိုက်နှုန်းကို ပြထားသည်။
(၁) စတင်ဖြစ်ပေါ်စတွင် တစ်နာရီ ၄၀.၃ မိုင်နှုန်း
(၂) နောက် ၁၂ နာရီကြာပြီးနောက် တစ်နာရီ ၄၆.၁ မိုင်
(၃) နောက် ၁၂ နာရီကြာပြီးနောက် တစ်နာရီ ၅၇.၆ မိုင်
(၄) နောက် ၁၂ နာရီကြာပြီးနောက် တစ်နာရီ ၆၃.၄ မိုင်
(၅) နောက် ၁၂ နာရီကြာပြီးနောက် တစ်နာရီ ၆၉.၁ မိုင်
(၆) နောက် ၁၂ နာရီကြာပြီးနောက် တစ်နာရီ ၆၉.၁ မိုင်




ကမ္ဘာအမြင့်ဆုံးမျှော်စင် (ဒူဘိုင်းနိုင်ငံ) ကို ၂၇၊ မတ်လ၊ ၂၀၀၉ ရက်နေ့ ညပိုင်း တွင် နာရီဝက်ခန့်ကြာအောင် ထစ်ချုန်းလင်းလက်နေခဲ့သော မိုးကြိုးကို မှတ်တမ်းတင် ရိုက်ကူးထားသည့် ဓာတ်ပုံများဖြစ်သည်။ ထိုအနီးနား ပတ်ဝန်းကျင် တစ်ခုလုံးလည်း မိုးချုန်းသံဖြင့် ဆူညံရိုက်ခတ်နေခဲ့သည်ဟုဆိုပါသည်။ ကြုံရသူ အဖို့ကတော့ မမေ့နိုင်သောညတစ်ည ဖြစ်ပေလိမ့်မည်။ ဗဟုသုတအလိုငှာ ဝေငှတင်ပြလိုက်ရပါသည်။


ကြက်ပေါက်ကလေး လောကကြီးကိုရင်မဆိုင်ရဲသည့်အတွက် ပြန်ပြေးလာပြီး ဖားအသွင်ပြောင်းပြီးမှ ပျော်ရွှင်စွာ ခုန်ထွက်သွားပုံ ...။ ဘာကို ဆိုလိုမှန်းတော့ ကျွန်တော်မသိပါ။ အတော် အသက်ဝင်တာကို သဘောကျသည်။ (:P)
